
ကျွန်တော်အခု သုံးနေတာ MATLAB R2008a ပါ။ ကျောင်းမှာ ဆရာနဲ့ အလုပ်လုပ်တဲ့အခါ Command Window မှာ Russian Font လေးထောင့်အ၀ိုင်းတွေ ဖြစ်နေတာ တော်တော်ကို ဒုက္ခရောက်လိုက်ပါတယ်။ ဆရာကလည်း မလုပ်တတ်။ ကိုယ်ကလည်း မသိ။ နောက်ဆုံး ဆရာက ၀င်းဒိုးကို ရုရှားဗားရှင်းတင်ဖို့ ပြောတယ်။ အဲလိုကျလည်းမတင်ချင်။ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ ၂ ပတ်လောက်ကြာသွားတယ်။ နောက်ဆုံးတော့ ကျွန်တော့် အနီးကပ်ဆရာ Google ကိုပဲ အကူအညီတောင်းရတာပေါ့။ အဲဒီမှာ ရေးထားတာ လေးတွေကို နားလည်သလောက် လိုက်ဖတ်ပီး ထင်တာလေး လုပ်ကြည့်လိုက်တာ အဆင်ပြေသွားတယ်။ ကျွန်တော် လိုပဲ အခက်အခဲဖြစ်နေသူတွေ အဆင်ပြေစေချင်လို့ တင်ပေးလိုက်ပါတယ်။
အဆင့်(၁)။ အရင်ဆုံး Control Panel-->Regional and Language Options-->Regional Options မှာ Russian ပြောင်းပါ။ 
အဆင့်(၂)။ Regional and Language Options--> Advanced မှာ Russian ပြောင်းပါ။ ပီးလျှင် အိုကေပေးပါ။ ၀င်းဒိုးခွေတောင်းလျှင် မိမိတင်ထားသော ၀င်းဒိုးခွေ ထည့်ပေးလိုက်ပါ။ Restart ကျပီး ၀င်းဒိုး ပြန်တက်လာလျှင် MAT LAB Command Window မှာ Russian Font ပေါ်မပေါ်စမ်းပါ။


English, Russian ကို အမှန်ခြစ်ပေးပီး OK ပေးလိုက်ပါ။ ၀င်းဒိုးခွေတောင်းလျှင် မိမိတင်ထားတဲ့ ၀င်းဒိုးခွေ ထည့်ပေးလိုက်ပါ။ Restart ကျပီး ၀င်းဒိုး ပြန်တက်လာလျှင် MAT LAB Command Window မှာ Russian Font ပြဿနာ အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ။
