
အချစ်ကိုတန်ဖိုးထားသည်။ ပေးဆပ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အနစ်နာခံတတ်သည်။ စွဲမြဲ သော အချစ်နှင့် ချစ်တတ်သည်။ အစွဲအလန်းကြီးသည်။ ချစ်သူများခြင်း၊ ချစ်သူအပြောင်းအလဲပြုခြင်း မပြူ။ တစ်ဦး တစ်ယောက်တည်းအပေါ် လွန်လွန်ကဲကဲ၊ သဲသဲလှုပ်လှုပ်၊ တယုတယ ဦးစားပေးချစ်မေတ္တာထားခြင်း အပေါ် ၀ံ့ကြွားဂုဏ်ယူစွာ ပြုဆောင်တတ်သည်။ ချစ်သူနှင့် ပဋိပက္ခဖြစ်ရမည်ကို မလိုလား ။ အမြဲတစေ ညီညွတ်ချစ် ကြည်မှုကို လိုလားသူများဖြစ်ပေရာ ကျမ်းဂန်များတွင် “The Consistent Lovers” များဟု ခေါ်ဆို သတ် မှတ် သည်။ ကိုက်ညီသော တုန့်ပြန်အချစ်ပေးသူ ညီညွတ်သော မေတ္တာ ကို လိုလား သူများ ဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျမှ သစ္စာကို ထိပ်တန်းတင်၍ နှစ်နှစ်ကာကာ ချစ်မြတ် နိုးမှုအပေါ် ညီညွတ်ကိုက်ညီသော တုန့်ပြန်မှုကိုရမည်ဟူသော ခံယူချက်နှင့် ချစ်တတ်သောသူများဖြစ် ပေသည်။
၂၀၁၀ ၊ ဇန်န၀ါရီ၊ ဧပြီ၊ ဇွန်၊ သြဂုတ်၊ အောက်တိုဘာ လများသည် မေတ္တာစန်းအထူးပွင့်သော လများ ဖြစ်သည်။ အချစ်ရေးအဆင်ပြေမည်။ ချစ်သူမရှိသူချစ်သူရမည်။ တစ်ဦးထက်ပိုသော ရွေးချယ်စရာများ ကြုံမည်။ အထူးသဖြင့် ၂၀၁၀ ..• Jan 1,3,6,9,10,17,19,21,24,27,30
• Apr 1,2,4,7,10,17,19,21,24,27,30
• June 1,3,5,9,17,19,21,24,27,30
• Aug 2,4,7,9,10,17,21,23,27,30
• Oct 5,7,9,17,19,24,27,30 ရက်များတွင် မေတ္တာရေးအထူးကောင်းမည်။ အချစ်ရေးနှင့် ပတ်သက်သော ကံကောင်း၍ စိတ်ချမ်းသာစရာများ ဖြစ်မည်။
ဤတစ်နှစ်တာအတောအတွင်း မတ်၊ ဇူလိုင်၊ စက်တင်ဘာနှင့် ဒီဇင်ဘာလများတွင် မေတ္တာေ၇း အညံရှိသည်။ စိတ်အနှောက်အယှက်ဖြစ်စရာများ ရှိတတ်သည်။ တစ်နှစ်တာ အချစ်ကံခေရက်များ သည်ကား …
• Mar 2,4,8,12,16,19,22,26,28,31
• July 3,7,9,11,13,16,18,22,26,28
• Sept 3,5,9,17,21,24,27
• Dec 3,8,11,16,18,22,27,29 ရက်များတွင် စိတ်အနှောက်အယှက်များ ဖြစ်တတ်သည်။ ပြဿနာများဖြစ်ပါက ဖြေရှင်းရန်ခက်ခဲမည်။ ၎င်းရက်များတွင် ပြဿနာ အဖြစ်အောင်နေပါ ။ မလိုအပ်ပဲ စကားများခြင်း မရှိသင့်။
မကာရရာသီဖွားများသည် ပြိဿရာသီ Taurus များ၊ ကန်ရာသီ Virgo များတွင် မွေးသောသူ များ၊ Capricorn တွင် မွေးသောသူ များနှင့် အချစ်မေတ္တာ နွယ်ယှက်မှု အင့်အားမြင့်မား၍ အပြန်အလှန် ချစ်ခင်နားလည်မှု အများဆုံးဖြစ်သည်။ ချစ်သူဘ၀ကိုရောက်ပါက အိမ်ထောင် ကျသည်အထိ ဖြစ်ပေါ်မှုအားအထူးကောင်းသည်။ ချစ်သူဘ၀ရောက်က ဆုံးစည်းလေ့ရှိ၏။ အခြားရာသီဖွားများနှင့် ပက်သက်မှုကား ပုံမှန်သာ ဖြစ်၏။ အသက် ၁၆၊ ၁၉၊ ၂၂၊ ၂၈၊ ၃၄၊ ၃၆၊ ၃၉၊ ၄၄ ရောက်သူများ အချစ်ကံခေသည်။ အခြားသော သူများမေတ္တာရေး ကောင်း၏။ အသက် ၁၇၊ ၂၁၊ ၂၃၊ ၂၅၊ ၂၉၊ ၃၂၊ ၃၅၊ ၃၇၊ ၄၂၊ ၄၅၊ ၄၇ ရောက်သူများ အထူးစန်း ကောင်းသည်။
စံ-ဇာဏီဘို မှ ပြန်လည်ကူးယူဖော်ပြသည်။
အားလုံးပဲ ချစ်ခြင်းမေတ္တာဖြင့် အေးချမ်းသော ဘ၀များ ပိုင်ဆိုင်ကြပါစေခင်ဗျာ။